International News

ရုရှားနိုင်ငံသို့ တရုတ်ကားများ တင်သွင်းမှု ၃ ဆ မြင့်တက်

Last Updated:

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ မေလအတွင်းတွင် တရုတ်နိုင်ငံမှ ရုရှားနိုင်ငံသို့ ကားတင်သွင်းမှုသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက သုံးဆနီးပါးမြင့်တက်ခဲ့ကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှုဌာန၏ ယာယီအကြီးအကဲ Mr. Ruslan Davydov က ပြောကြားခဲ့ကြောင်း RIA သတင်းဌာနမှ ရေးသားထားသည်။

ရုရှားနိုင်ငံသို့ တရုတ်လူစီးကားတင်သွင်းမှုသည် သုံးဆနီးပါးတိုးလာပြီး အထူးစက်ကိရိယာများနှင့် ထရပ်ကားများတင်သွင်းမှုသည်လည်း သိသိသာသာတိုးတက်လာခဲ့ကြောင်း၊ ရုရှားနှင့်တရုတ်နယ်စပ်ရှိ Zabaikalsk ဒေသမှတစ်ဆင့် ငါးလတာကာလအတွင်း ဆောက်လုပ်ရေးသုံးစက်များတင်သွင်းမှုသည် ၈ ဆ နီးပါးတိုးတက်ခဲ့ကြောင်း Davydov က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံမှထွက်ခွာသွားသည့် ဥရောပလုပ်ငန်းများသည် တရုတ်၏မော်တော်ယာဥ်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် ကြီးမားသောအခွင့် အလမ်းကိုပေးခဲ့ကြောင်း၊ ဥရောပနိုင်ငံသားများသည် လူဦးရေ သန်း ၂၀၀ ရှိသည့်ဈေးကွက်ကို ၎င်းတို့ကိုယ်တိုင်ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း Davydov က ပြောကြားခဲ့ပါသည်။

Source : https://ria.ru/20230620/avtomobili-1879273377.html

ဦးခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ

 

 

Category: International News